အစွန်းရောက်အကြမ်းဖက် PDF များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၇ ထောင်နီးပါးရှိလာ

နစက အစိုးရက နိုင်ငံတော်အာဏာကို ခေတ္တခဏထိန်းထားတဲ့ ဒီ ၃ နှစ်တာ ကာလထဲမှာအကြမ်းဖက်အစွန်းရောက် PDF များ၏ သတ်ဖြတ်မှုများကြောင့် ရဟန်း/သံဃာ ၇၇ ပါး၊ သီလရှင် ၂ ပါး၊ ပြည်သူ ၅၆၇၇နဲ့ နိုင်ငံဝန်ထမ်း ၁၁၂၄ ဦးအထိ သေဆုံးခဲ့လို့ စုစုပေါင်း ၃ နှစ်အတွင်းမှာ လူပေါင်း ၆၈၈၀ ဦးအထိ သေဆုံးခဲ့ရပြီပဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အမြင်မတူတာနဲ့ ရန်သူထင်ကာ သတ်ဖြတ်နေတာကြောင့် ပြည်သူများမှလည်း လွန်စွာမုန်းတီးလာကြပြီး အမြစ်ပြတ်ချေမှုန်းပေးဖို့ တောင်းဆိုလာနေကြကြောင်းလည်း သိရှိရပါတယ်။