မြို့ပြပျောက်ကြားများအတွက် ထောက်ပံ့ပေးပို့သည့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

အားလုံးသိတဲ့အတိုင်း ပြည်တွင်းမှာဒလန်ခေါင်းစဉ်တပ်ပြီး လုပ်ကြံသတ်ဖြတ်မှုတွေမှာ
အသုံးပြုဖို့အတွက် လက်နက်၊ ခဲယမ်းတွေကို ပြည်ပနိုင်ငံတွေကနေဝယ်ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများက
မြို့ပြပျောက်ကြားတွေဆီကို ပို့ဆောင်ပေးတဲ့ လက်နက်ခဲယမ်းတွေ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်..
အဖမ်းခံရတဲ့ လက်နက်ခဲယမ်းများမှာ….
မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ်မှာ NISSAN Cedric အမျိုအစား မော်တော်ယာဉ်နှင့်အတူ
-တူရကီနိုင်ငံထုတ် PANZER Arms GEN 2 BP 12 အမျိုးအစားသေနတ် ၄ လက်
-မောင်းတုံးပါပြောင်းရှည် ၁ ခု
-GLOCK အမျိုးအစား ၉ မမပစ္စတို ၂ လက်
-ပွိုင့် ၃၂ အမျိုးအစား ပစ္စတို ၁ လက်
-ပွိုင့်-၃၈၀ AUTO SIG SAUER P238 အမျိုးအစား ပစ္စတို ၂ လက်
-ကျည်အိမ်မျိုးစုံ ၂၇ ခု
-ကျည် ၁၅၀ တောင့်
-သေနတ်ဒင် ၁ ခု
မူဆယ်-လားရှိုး-မန္တလေးလမ်းကြောင်းပေါ်မှာ-
Suzuki Swift(လိုင်စင်မဲ့) ယာဉ်နှင့်အတူ
-လက်နက်မျိုးစုံ ၁၁ လက်
-ကျည် ၅၃၃၈ တောင့်
-ကျည်အိမ်မျိုးစုံ ၁၇ ခု
-အသံတိတ်ပြောင်း ၅ ခုအား ပိုင်ရှင်မဲ့ဖြင့်လည်းကောင်း…..
Mark II (လိုင်စင်မဲ့) ယာဉ်နှင့်အတူ
-ပွိုင့်-၂၂(မှန်ပြောင်းပါ) ၄ လက်
-ငါးလုံးပြူး ၁ လက်
-ကျည်မျိုးစုံ ၈၆ တောင့်
-ကျည်အိမ် ၄ ခုတို့ ဖြစ်ပါတယ်…
ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရတဲ့ လက်နက်ခဲယမ်းများမှာ..လက်နက်မျိုးစုံ ၂၅ လက် ၊ကျည်မျိုးစုံ ၅၆၀၀ ကျော်ရှိပြီဖြစ်ပါတယ်..
ဒီလိုဖမ်းဆီးခံရမှုတွေဟာ လက်နက်၊ ခဲယမ်းသယ်ဆောင်ပေးပို့မှု သတင်းတွေပေါက်ကြားမှုကြောင့်
သက်ဆိုင်ရာက သတင်းအတိအကျရပြီး ဖမ်းဆီးခံရတာဖြစ်ကြောင်း သိရပါတယ်။