ဘုတလင်မြို့နယ် အလက(ပိုကုန်း)မှာ စခန်းချခဲ့တဲ့ PDF များကို ရှင်းလင်းနိုင်ခဲ့ပြီး လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ပိုကုန်းကျေးရွာသို လုံခြုံရေးအဖွဲများ ရောက်ရှိရှင်းလင်းစဉ် အ.လ.က(ပိုကုန်း) စာသင်ကျောင်းဝန်း
အတွင်း PDFပဒက်များ အခြေချနေထိုင်ပြီး ကျောင်းသုံးဖိုင်၊ ပစ္စည်းများကိုဖျက်ဆီးကာ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ
ပြုလုပ်နေသော ပဒက်များ ထွက်ပြေးသွားပြီး ကျောင်းအတွင်းမှ
– လက်လုပ်သေနတ် ၁၆ လက်
– ပြုလုပ်ဆဲ စိန်ပြောင်းဗုံးသီး ၂၀ လုံး
– ဝရိန်ပုံး ၂ ပုံး
– ဝါယာကြိုး ၁၀ ခွေ
– သွပ်ဆူးကြိုး ၁ ခွေ
– ပြောက်ကျားယူနီဖောင်း ၁ စုံ
– ပြောက်ကျားအနွေးထည် ၅ ထည်
– ဆိုင်ကယ် ၂ စီး
– သံဖြတ်စက်/သံဖောက်စက်တို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။