ဇန်နဝါရီလ ၂၈ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၂၇ ရက် ၁၁၅၀ နာရီတွင် မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အကြမ်းဖက်သမားများ သတ်ဖြတ်သွားခဲ့သည့် ကျား ၅ ဦးအား ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် အလောင်းများအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၇ ရက် ၁၁၅၀ နာရီတွင် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာ၊ မြင်းခြံ – မြို့သာသွားကားလမ်းဘေး၌ အလောင်း     ၁ လောင်း တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ (စိစစ်ဆဲ) ကျား     ၁ ဦးတွင် ဦးခေါင်းပွင့်ထွက်၊ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မြင်းခြံ ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၇ ရက် ၁၅၄၅ နာရီတွင် ရေနံချောင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် နေထိုင်သော ဦးအောင်ချို(၅၃)နှစ်သည်  ဖရဲကျွန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် တောင်သူတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ရွာသစ်ကြီးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သပြေပင်ကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာကြား အရောက်၌ အကြမ်းဖက်သမား ကျား ၄ ဦးမှ  ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာပြီး ဦးအောင်ချိုအား ဓားဖြင့် ထိုး၍ သတ်ဖြတ်ကာ ဦးအောင်ချို၏ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့အား ယူဆောင်ထွက်ပြေးသွားခဲ့ရာ ဦးအောင်ချိုတွင် ရင်အုံထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဇန်နဝါရီလ ၂၇ ရက် ၁၆၀၀ နာရီတွင် မင်းလှမြို့နယ်၊ ဝက်လှလေးကျေးရွာတွင် နေထိုင်သော ဦးဇော်လွင်(၅၅)နှစ်သည် စစ်ကွင်း မြို့မှ ဈေးဝယ်ပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကြို့ကုန်းရွာမကျေးရွာထိပ် အရောက်၌ PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးသည် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဇော်လွင်တွင် ဝဲပါး ကျည်ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့။