အိန္ဒိယနိုင်ငံတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့

အိန္ဒိယနိုင်ငံ မြောက်ဘက်အစွန်းပိုင်းရှိ Himachal Pradeshပြည်နယ် နှင့် Uttarakhandပြည်နယ် တို့တွင် ပြီးခဲ့သည့် ဇူလိုင် ၉ရက်နေ့ တနင်္ဂနွေနေ့က မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့ကာ မြေပြိုမှု များဖြစ်ပေါ်ခဲ့ပြီး လူနေ အိမ်​အများအပြားပျက်စီး ဆုံးရှုံးမှု များဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုများကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်၏ Shimla ခရိုင် နှင့် Kotgarh ရွာအနီးဧရိယာတွင် အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ရပြီးHimachalပြည်နယ်အတွင်းရှိ ​Kullu မြို့မှာလည်း မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ထိုနည်းတူ ပြီးခဲ့သည့် ဇူလိုင် ၈ရက် စနေနေ့ညကလည်းအိန္ဒိယနိုင်ငံ Himachal ပြည်နယ်၏ Chamba မြို့ငယ်အနီးတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ကာ လူ ၁ဦး အရှင်လတ်လတ် မြေမြှုပ်သွားခဲ့​ကြောင်း သတင်းဌာနများကဖော်ပြထားကြောင်း “Positive Angle News” သတင်းအရသိရပါတယ်ရှင်…။