ရန်ကုန်မြို့နေ ပြည်သူများအား အသိပေးနှိုးဆော်ချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားကျင်းပမည့် နံနက် ၀၄၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည် လမ်းဟောင်းမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှ လည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီ လမ်းဆုံအထိလည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် (သွေးဆေးကန်) လမ်းတိုအား ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်မည့်နေရာအား ၁၉-၇-၂၀၂၃ ရက်နေ့မှ ၂၁-၇-၂၀၂၃ ရက်နေ့ ၀၅၀၀ အချိန်မှ ၁၈၀၀ အချိန်အထိ နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှလည်းကောင်း၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့်ဆုံရာမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံမှလည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

အလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးအား ၁၉-၇-၂၀၂၃ ရက်နေ့မှ ၂၁-၇-၂၀၂၃ ရက်နေ့ ၀၅ ၀၀ အချိန်မှ ၁၈ ၀၀ အချိန်အထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်း လမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်ထားမည်ဖြစ်ကြောင်း၊

ထို့ကြောင့် ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနားကျင်းပစဉ် လမ်းပိတ်လမ်းလွှဲ ဆောင်ရွက်နေသည့်အချိန်များတွင် အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်သွားလာကြပါရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ထားပါတယ်ရှင်။