ချင်းပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်ဒေသများ၌ အကူအညီပေး

ဇူလိုင် ၁၀ရက်က ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်များပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများအားပေးအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်ရှင်။