ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာထိပ်သီးအစည်းအဝေးသို့ သီတဂူဆရာတော်ကြီး တက်ရောက်🙏🙏🙏

သီတဂူဆရာတော်ကြီးသည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြိုရှိ Hotel Ashok တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာထိပ်သီးအစည်းအဝေး (Global Buddhist Summit) သို့ တက်ရောက်၍ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်စွမ်းအားမိန့်ခွန်းကို မိန့်ကြားခဲ့ကြောင်း သိရသည်။့

အဆိုပါ အစည်းအဝေးကို အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Shri Narendra Modi လည်း တက်ရောက်ကာ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ သီတဂူဆရာတော်ကြီးအား လက်ဆောင်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိ ရသည်။

ထိပ်သီးအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲချုပ် (IBC)၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့က စီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ ယင်းအစည်းအဝေးကို နိုင်ငံတကာမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။