နွားထိုးကြီးမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

ဇွန်လ ၆ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကုက္ကိလ်ဇီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်(ခ) ဦးချစ်ပိုအား ကျေးရွာ (အနောက်ဘက်) ၂ ဖာလုံခန့်အကွာရှိ ကွင်း ပြင်တွင်PDF အကြမ်းဖက်များမှ ပစ်ခတ်ခဲ့သဖြင့် ဦးထွန်းနိုင်၏ ဘယ်ဘက်ပါးအောက်၊ ညာဘက်နားထင်နှင့် ဘယ်ဘက်လက်ဖျံတို့တွင် ကျည်ထိဒဏ်ရာများရရှိပြီး သေဆုံးသွားကြောင်း သိရပါတယ်။