PDF ထဲဝင်မယ့် လူငယ်တွေကို သတိပေးလိုက်တဲ့ အမျိုးသမီးတစ်ဦး

အညာဒေသက ရွာတွေမှာ ရွာသားအချင်းချင်း၊ PDF အချင်းချင်းတောင် စိတ်မထင်ရင် မထင်သလို ဒလန်စွပ်စွဲသတ်ဖြတ်ခံနေရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တန်ဆည်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးက MHT ကို ပြောပြလာကြောင်းသိရပါတယ်။

ယခုအသံဖိုင်ဟာဆိုရင် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက သူ့တူဖြစ်တဲ့ မောင်စိုးဆိုသူနဲ့အတူ PDF ထဲဝင်သွားတဲ့ သက်မောင်ဆိုသူထံ ဖုန်းနဲ့ဆက်သွယ်ပြီး သူ့တူကို ဒလန်လို့စွပ်စွဲပြီးသတ်ဖြတ်ခံရတယ်ကြားလို့ မေးမြန်းခဲ့ရာမှာ သက်မောင်က မသိဘူးဆိုပြီး ငြင်းပယ်သွားခဲ့ပါတယ်။

တကယ်တော့ သူ့တူ မောင်စိုးဆိုသူကို PDF တွေက ရွာတွေကို မီးရှို့ပြီး စစ်တပ်ကရှို့တယ်လုပ်ဖို့ တိုင်ပင်တာကို သဘောမတူတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ သတ်ဖြတ်လိုက်ကြတယ်လို ကြားသိရကြောင်းနဲ့ အလားတူ အချင်းချင်းသတ်ဖြတ်မှုတွေဟာ များစွာရှိနေတယ်လိုလည်း ဆိုပါတယ်။

ဒါကြောင့်မိုလို PDF ထဲဝင်မယ့် လူငယ်တွေအနေနဲ့ သွားလမ်းသာရှိပြီး ပြန်လမ်းမရှိတာကြောင့် ရွေးချယ်မှုမမှားစေဖို့ ယခုအသံဖိုင်ကို ပေးပိုရခြင်းဖြစ်တယ်လို့လည်း ၎င်းဒေသခံအမျိုးသမီးက ပြောပြခဲ့ပါသေးတယ်။

𝙢𝙝𝙩𝙣𝙚𝙬𝙨