အမေရိကန်နဲ့တရုတ်အပါအဝင် ၃၆ နိုင်ငံရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားမှာ စတင်

အာရှ-ပစိဖိတ်ဒေသမှာ တင်းမာမှု တဖြည်းဖြည်းတိုးလာနေတဲ့ကြားက အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံပေါင်းစုံမှ ရေတပ်တွေနဲ့အတူ အင်ဒိုနီးရှားဟာ သူ့ရဲ့ရေကြောင်းပိုင်နက်ထဲမှာ ရေတပ်ဆိုင်ရာ ဘက်စုံစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။
နှစ်စဉ်ပြုလုပ်နေကျ ကိုမိုဒိုအမည်ရှိ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ရေတပ်တွေအကြား ဆက်ဆံရေးခိုင်မာစေဖို စစ်ပွဲအတွက် မရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို အင်ဒိုနီးရှားရေတပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားကြောင်းသိရပါတယ်။