စစ်ကိုင်းဘက်မှာ လက်နက်နှင့်ဖောက်ခွဲရေးပစ္စည်းများသိမ်းဆည်းရမိ

ဧပြီလ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ် အိုက်ဒိုင်ကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ကျေးရွာအတွင်း ရှင်းလင်းခဲ့ရာ ဘုန်းကြီးကျောင်းတွင်းမှ

  • လက်လုပ်သေနတ် ၃ လက်
  • လက်လုပ်မိုင်း ၁၇ လုံး
  • တိုက်မိုင်း ၄ လုံး
  • အိုင်ကွန် ၁ လုံး
  • ပြောက်ကျားဦးထုပ် ၅ လုံး
  • ဘက္ထရီအိုး ၄ လုံး
  • လေ့ကျင့်ရေးဗူးစင် ၁ ခု
  • တန်းစီကွင်း ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရ။