သီလဝါဆိပ်ကမ်း၌ ဓါတ်ဆီနှင့် ဒီဇယ် စုစုပေါင်း ဂါလန် ၆ သန်းကျော် ဆီချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းမှာ စက်တင်ဘာလ ၂၅ ရက်မှစ၍ ဓါတ်ဆီနှင့် ဒီဇယ် စုစုပေါင်း ဂါလံ
၆ သန်းကျော်ကို ဆီချခြင်းလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စက်သုံးဆီလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲနှုန်းကို ပုံသေထား၍
စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS ဈေးနှုန်း၊ Premium၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ်
တို့ကို အခြေခံကာ နေ့စဉ်စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိပါတယ်။