ဆားလင်းကြီး PDF များ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ် ဆားထုံးကျေး ရွာအတွင်း၌ အကြမ်းဖက် PDF များ ခိုအောင်းနေထိုင်လျက်ရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်း အသေးစိတ် ဝင်ရောက်ရှင်းလင်းခဲ့ရာ

-လက်လုပ်သေနတ် ၁၁ လက်
-လက်လုပ်စိန်ပြောင်း ၁ လက်
-လက်လုပ်ဗုံးသီး ၅ လုံး
-လက်လုပ်မိုင်း ၂ လုံး
-လူနေတဲ ၁ လုံး
-ပြောက်ကျားယူနီဖောင်း ၆ စုံ
-ပြောက်ကျားဦးထုပ် ၂ လုံး
-နိုင်လွန်ကြိုး ၂ ခွေ တို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။