တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ဖော်ဆောင်ရန်စီစဉ်နေ

ရာသီဥတု ပြောင်းလဲမှုများကြောင့် ဆုံးရှုံးမှုများအပေါ် အာမခံစနစ်ဖြင့် စနစ်တကျ စီမံခန့်ခွဲ ကာကွယ်ဆောင်ရွက်နိုင်ရန် တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ဖော်ဆောင်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ယင်းအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ပြီး အစိုးရ – ပုဂ္ဂလိက ပူးပေါင်းပါဝင်သော Task Force အဖွဲဖွဲစည်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။