နောင်ချိုမြို့နယ်တွင် “ဒုဋ္ဌဝတီ”တိမ်ပင်လယ်စခန်းသစ်ဖွင့်လှစ်မည်

ရှမ်းပြည်နယ်၌ တိမ်ပင်လယ်စခန်းများစွာရှိသည့် နောင်ချိုမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှစတင်၍ “ဒုဋ္ဌဝတီ”တိမ်ပင်လယ်စခန်းသစ်ဖွင့်လှစ်သွားမည်ဖြစ်သည်။

“ဒုဋ္ဌဝတီ”တိမ်ပင်လယ်စခန်းသစ်အား ဒေသ၏ သဘာဝကျေးလက်အလှတရားများကိုဖော်ထုတ်ပြသနိုင်စေရန်၊ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ဓနုတိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲမှု၊ဓလေ့ထုံးတမ်းများကို ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။