မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ့်အလုပ်နှင့်သူ့အလုပ်

ကူညီရမှာကကိုယ့်အလုပ်
ကျေးဇူးသိတာမသိတာသူ့အလုပ်ပါ ။

မေတ္တာပေးရမှာက ကိုယ့်အလုပ်
နွေးထွေးမှု ရှိတာမရှိတာ သူ့အလုပ်ပါ ။

စေတနာကောင်းရမှာကကိုယ့်အလုပ်
နားလည်တာမလည်တာ သူ့အလုပ်ပါ ။

အကောင်းတွေပေးရမှာကိုယ့်အလုပ်
တန်ဖိုးထားတာ မထားတာသူ့အလုပ်ပါ ။

ဆုံးမပြောပေးရမှာကကိုယ့်အလုပ်
ပြင်တာ မပြင်တာက သူ့အလုပ်ပါ ။

ကြိုးစားရမှာက ကိုယ့်အလုပ်
အောင်မြင်တာမမြင်တာကသူ့အလုပ်ပါ ။

ကိုယ့်အလုပ်မှာ ကိုယ်တာ၀န်ကျေရင်
ဘ၀ဟာ ရိုးသားမြင့်မြတ်ပါတယ် ။

သူတို့အလုပ်ကို ဝင်ရူပ်လိုက်မိရင်
ကိုယ့်ဘ၀ဟာ ပင်ပန်းရတတ်ပါတယ် ။

သန့်သန့်လေးပဲ စေတနာထားရင်
ကိုယ့်ဘ၀လည်း ချမ်းသာရနေမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏