နယ်စပ်ကုန်သွယ်ရေးမှာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်နဲ့ ကြိုတင်လျှောက်ရမည်

နယ်စပ်ကုန်သွယ်ရေးမှာ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုအတွက် သယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်နဲ့ ကြိုတင်လျှောက်ထားရမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ပြည်ပသို့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနဲ့ မြေပဲတင်ပို့ဖို့ကို ပို့ကုန်ယာဉ်တွေ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်(မျှော)ကို ကြိုတင် ရယူပြီးမှ သယ်ဆောင်ခွင့်ပေးတယ်လို့ သိရပါတယ်။

လက်ရှိ ကုန်ပစ္စည်းသယ်ဆောင်ရာမှာ ပိုမိုလွယ်ကူမြန်ဆန်စေဖို့ အွန်လိုင်းစနစ်နဲ့ ခွင့်ပြုထုတ်ပေးတာဖြစ်ပြီး လျှောက်ထားမှုအတွက် QR Code ပါဝင်တဲ့ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။