ရုရှား-မြန်မာ စီးပွားရေးကောင်စီကို စတင်တည်ထောင်လိုက်ပြီး Mr. Aleksei SHUPLOV က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်

ရုရှား-မြန်မာစီးပွားရေးကောင်စီ စတင်တည်ထောင်ခြင်း အစည်းအဝေးကို မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးအဆောက်အဦ၌ မတ်လ ၂၁ ရက်တွင် ကျင်းပခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပြည်ပဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Alexander KOPKOV က ပဏာမ နှုတ်ခွန်းဆက်စကား ပြောကြား၍ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Alexey KALASHNIK ၊ ရုရှားနိုင်ငံ စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီး ဌာန၊ ဘက်ပေါင်းစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ekaterina EVGRAFOVA တိုက အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။