PDF တွေကို ဆေးကုပေးဖို့သွားတဲ့ ရန်ကုန်ကဆရာဝန်မ ဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စခန်းက အကြမ်းဖက်သမားတွေကို ဆေးကုသပေးဖိုအတွက် ရန်ကုန်ကနေ ညောင်ဦး-ပခုက္ကူကားလမ်းအတိုင်း ခရီးသည်တင်ကားနဲ့ ထွက်ခွာလာတဲ့ ဒေါက်တာ ဝင်းရွှေရည်ဆိုတဲ့ ဆရာဝန်မကို လုံခြုံရေးတပ်ဖွဲ့က ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို လုံခြုံရေးတပ်ဖွဲတွေနဲ့နီးစပ်သူတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။

အဆိုပါဆရာဝန်မရဲ့ ထွက်ဆိုချက်အရ အကြမ်းဖက်အဖွဲ့တွေကနေ ချိတ်ဆက်ပေးထားတဲ့ ပခုက္ကူမြို့၊ လွတ်လပ်ရေးလမ်းမှာနေထိုင်သူ အကြမ်းဖက်အဖွဲ့ဝင် ထောက်/ပို့အမျိုးသမီး သုဝေထွေး ဆိုသူရဲ့အိမ်မှာ တည်းခိုသွားမှာဖြစ်ကြောင်း သိရတာကြောင့် လုံခြုံရေးတပ်ဖွဲ့က အဆိုပါ သုဝေထွေးဆိုသူကို အချိန်မီ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို ဆိုပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ ၎င်းတရားခံ ၂ ဦးကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို သိရပါတယ်။