ကိုရီးယားနိုင်ငံသို တားမြစ်ပစ္စည်းသယ်လာပါက ဒဏ်ကြေးအဆ ၅၀ အထိပေးဆောင်ရမည်

တောင်ကိုရီးယားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်ကြမယ့်မြန်မာများအနေနဲ့ တားမြစ်ပစ္စည်းများသယ်ဆောင် လာပါက ဒဏ်ကြေးအဆ ၅၀ တိုးကောက်မှာဖြစ်ကြောင်း EPS Center in Myanmar ရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

HRDK(မြန်မာEPSစင်ဝာာ)နှင့် POEA(အလုပ်သမားပိုဆောင်ရေးဌာန)တိုမှ ကိုရီးယားနိုင်ငံသိုအလုပ်သွားရောက် လုပ်ကိုင်ကြမယ့် E-9 လုပ်သားများအနေနဲ့ သတိပြုနိုင်ရန် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

မြန်မာ အလုပ်သမားများ ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်သို ရောက်ရှိသည်နှင့် ကိုရီးယားနိုင်ငံလူဝင်မှုကြီးကြပ်ရေးရုံးဝာာဝန်ခံများမှ ယူဆောင်လာတဲ့ ခရီးဆောင်အိတ်များကို(တားမြစ်ပစ္စည်းများ ယူ‌ဆောင်လာခြင်းရှိ/မရှိ) ထပ်မံစစ်ဆေးလျက် ရှိကြောင်း လုပ်ငန်းခွင်အကြိုသင်တန်း‌ပိုချတဲ့အချိန်မှာ အပတ်စဉ် သတိပေးမှာကြားလျက်ရှိပါတယ်။

အခုလိုအကြိမ်ကြိမ်သတိပေးမှာကြားပေမယ့် ကိုရီးယားလေဆိပ်မှာ ဝာားမြစ်ထားသောလယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ယူဆောင်လာခြင်းကို အပတ်စဉ်ရှာဖွေစစ်ဆေး တွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အင်ချွန်းလေဆိပ်ဝာာဝန်ရှိသူမှ အဆိုပါ ပစ္စည်းများကို သိမ်းယူခြင်း၊ ဒဏ်ကြေးငွေ ဝမ် ၁ သိန်းအထိ ဒဏ်ရိုက်ခြင်း များပြုလုပ်ခဲ့ပေမယ့် ဆက်လက်ယူဆောင်လာခြင်းများကိုတွေ့ရှိနေရတာကြောင့် ဒဏ်ကြေးငွေပမာဏကို ဝမ်တစ်သိန်း ကနေ ဝမ်သိန်း ၅၀ အထိတိုးမြှင့်လိုက်ကြောင်း အသိပေးထားပါတယ်။

ဒါကြောင့် ကိုးရီးယားနိုင်ငံသို ထွက်ခွာမယ့် E-9 မြန်မာလုပ်သားများအနေနဲ့ အဆိုပါတားမြစ်ပစ္စည်းများ ယူဆောင်သွားခြင်း(လုံးဝ)မပြုလုပ်ကြရန် ထပ်မံသတိပေးထား ပါတယ်။