အမေရိကန်၏ဒုတိယမြောက်ဘဏ်Signature Bank ထပ်မံ ပြိုလဲမှုဖြစ်

Breaking_News

နယူးယောက်ပြည်နယ်အာဏာပိုင်တွေက နယူးယောက်အခြေစိုက် ဆစ်ခ်နေချာဘဏ် Signature Bank ကို မတ် လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့ မှာ ပိတ်သိမ်းလိုက်ပါတယ်။ ဒါဟာ ကာလီဖိုနီးယားအခြေစိုက် ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲပြီး နှစ်ရက်အကြာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက်ဘဏ်ပြိုလဲခြင်းဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်အခြားဘဏ်အာဏာပိုင်တွေက ပူးတွဲကြေညာချက်ကို တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာရာမှာ Signature Bank ရဲ့ အပ်နှံသူတွေရဲ့ငွေတွေ ပြန်လည်ရရှိလိမ့်မှာဖြစ်ပြီး ဆုံးရှုံးမှုတွေကို အခွန်ထမ်းပြည်သူတွေပေးစရာမလိုဘူးလို့ပြောပါတယ်။
Signature Bank ပြိုလဲမှုဟာ အမေရိကန်သမိုင်းမှာ တတိယမြောက်အကြီးဆုံးဖြစ်ပါတယ်။
Signature Bank ဟာ မတ်၈ရက်နေ့အထိ အပ်နှံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉.၁၇ ဘီလျံရှိပြီး ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၁၁၀.၃၆ ဘီလျံရှိတယ်လို့ နယူးယောက်ပြည်နယ်ဘဏ္ဍာရေးဌာနကနေသိရှိရပါတယ်။