ရန်ဖြစ်ပြီး လူသေမှုဖြစ်ခဲ့လို့ စစ်သားနှစ်ဦးကို ဂျာမနီရဲက ဖမ်းထား

ဂျာမနီနိုင်ငံအနောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုအတွင်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ အမေရိကန်စစ်သားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

“အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်မှုအပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ အမေရိကန် စစ်မှုထမ်းတွေဖြစ်ပါတယ်” လို့ ထရီဗစ်မြို့ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဩဂုတ် ၂၀ ရက်၊ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။