24-3-2023 ရက်နေ့ ထူးခြားသတင်းများ

🟢 နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားသည့် ပါတီ ၄၀ ပါတီအထိ ရှိလာပြီဖြစ်။

🔸 တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတွင် PDF အကြမ်းဖက်များနှင့် ပစ်ခတ်မှုဖြစ်ပွား။

🟢 စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တင်ဘက်ကျေးရွာအနီးတွင် PDF များထံမှ Drone ၁ စီး သိမ်းဆည်းရရှိ။

🔸 စစ်ကိုင်းတိုင်း ရွှေဘိုမြို့ မြို့ရှောင်လမ်းရှိ မူးတံတားအနီး PDFများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရ။

🟢 စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၆) ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF များက ပစ်ခတ်သွားကြောင်း။

🔸 မြန်မာနိုင်ငံကိစ္စသည် အတူတကွဖြေရှင်းရမည့် ကိစ္စဖြစ်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြော။

🟢 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးရွာနေ အမျိုးသား ၁ဦးအား PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း။

🔸 ကရင်ပြည်နယ် ကော့ကရိတ်မြို့အထွက် ခင်နှင်းမူရွာ၊ ရန်ကုတ်ရွာများအနီး KNU/PDF အဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွား။

🟢 မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မတိုက်နယ် ပြည့်အိုင်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ၁ဦးအား PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း။

🔸 စစ်ကိုင်းမြို့နယ် ကုန်းရွာတွင် အပြစ်မဲ့ပြည်သူ ၁ဦးအား PDF အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်။

🟢 ပေါက်မြို့နယ် ပေခုနစ်ပင်ကျေးရွာအနီး စားသောက်ကုန်ပစ္စည်း တင်ဆောင်လာသောကုန်တင်ကားအား PDFများမှ ဓါးပြတိုက်လုယက်သွား။

🔸 ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက် ကေးလမ်း၌ အကြမ်းဖက်လုပ်ငန်းများလုပ်ကိုင်ရန် ငွေကြေးလိုက်လံလိမ်လည်နေသူ ကျား-၁ဦးအား ဖမ်းဆီးရမိ။

🟢 ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ တရားရုံးအနီး လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း။

🔸 မုံရွာမြို့ရှိ LUCKY-7 KTV ဆိုင်တွင် PDF (၇) ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

🟢 စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက်၌ လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် သတင်းများရေးသားသူများအား ဖမ်းဆီးရမိ။

🔸 စစ်ကိုင်းတိုင်း တမူးမြို့နယ် ဘုတ်ကန်ကျေးရွာရှိ ဘုတ်ကန်ရဲစခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း။

🟢 (၇၈)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်- မန္တလေးလမ်းဟောင်းနေရာအချို့ ခေတ္တပိတ်ထားမည်။

🔸 စစ်ကိုင်းတိုင်း တမူးမြို့နယ် ကွန်းတောင်းကျေးရွာအနီးတွင် PDF အကြမ်းဖက် ၁လောင်းနှင့် T-81သေနတ် ၁ လက်ရရှိ။

🟢 အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံရပ်ကွက် ၆၄x၂၅လမ်းထောင့်၌ လက်လုပ်မိုင်း ၂ လုံးအား တွေ့ရှိ။

🔸 စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး ဆောက်လုပ်ရေး ဦးစီးဌာနပိုင် အဆောက်အဦများအား PDF များက မီးရှို့ဖျက်ဆီး။

🟢 ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် ၁ တွင် အငှားယာဉ်လုယက်ခံရပြီး ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ။

🔸 မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းရှိ ဒေါက်ရပ်ကျေးရွာအနီး PDF များမှ မိုင်းထောင်နေစဉ် လခရအဖွဲ့များမှ တွေ့ရှိ၍ အသေပစ်ခတ်ဖမ်းဆီးရမိ။

🟢 အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမကြီးရှိ အင်းစိန်အကျဉ်းထောင် ဂိတ် အမှတ် ၂ အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း။

🔸 မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး ကျူးလွန်မှုတွေ့ရှိပါက ထောင်ဒဏ် ၅နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခံရမည်ဖြစ်။

🟢 သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက် ဖွံ့ဖြိုးရေးလမ်းတွင် ဥပဒေအကြံပေးတစ်ဦးကို PDF များမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း။

🔸 စစ်ကိုင်းတိုင်း မြောင်မြို့နယ် လက်ယက်မကျေးရွာ ရေကာအဟောင်းအနီး ပစ်ခတ်မှုဖြစ်ပွားပြီး PDF အကြမ်းဖက် ၅လောင်းနှင့် ၅ လက်ရရှိ။

🟢 ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် အမျိုးသမီး ရာအိမ်မှူး ၁ဦးအား PDF အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း။

🔸 သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် အကြမ်းဖက် KNU/PDF များထောင်ထားသော မိုင်းပေါက်ကွဲ၍ ၁၂ ဘီးကားပျက်စီးပြီး ၁ ဉီး ဒဏ်ရာရ။

နိုင်ငံတကာသတင်းများ

🌍 ယူကရိန်းနိုင်ငံကို အကူအညီပေးနိုင်တော့မည်အဟုတ်ဟု ချက်သမ္မတပြောကြား။

🌍 ပြင်သစ်နိုင်ငံ၌ ပင်စင်စား ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားလျက်ရှိနေကြောင်း။

🌍 မြောက်ကိုရီးယားက မဟာဗျူဟာမြောက်သော ပဲ့ထိန်းဒုံးကျည် ၄စင်းအား ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပြစ်လွှတ်ခဲ့ကြောင်း။

🌍 မြောက်ကိုရီးယားက ရေအောက်နျူကလီးယားတိုက်ခိုက်ရေးဒရုန်း လက်နက်သစ်ကို စမ်းသပ်ပစ်ခတ်။

🌍 NATO တွင် ပါဝင်ခွင့်ဆိုင်ရာ ဥပဒေများကို ဖင်လန်သမ္မတ လက်မှတ်ရေးထိုး။

🌍 ဆီးရီးယားနိုင်ငံရှိ အီရန်ကျောထောက်နောက်ခံအဖွဲ့ဝင်များအား အမေရိကန်နိုင်ငံမှ မောင်းသူမဲ့ဒရုန်းဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်။

🌍 စလိုဗက်ကီးယားသည် ဆိုဗီယက်ခေတ် MiG-29 ဂျက်လေယာဉ် လေးစင်းကို ယူကရိန်းသို့ ပေးပို့ခဲ့သည်။

crd;