လွယ်ကူသက်သာပြီးကုန်ကျစရိတ်နည်းပါးသော သဘာဝမြေဩဇာရွက်ဖြန်းဆေးရည်ပြုလုပ်နည်း

စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသူများအနေနဲ့ မြေဩဇာဈေးနှုန်းများကြီးမားလာသည်နှင့်အမျှ ဝယ်ယူသုံးစွဲရန်အခက်ခဲများဖြစ်လာလျက်ရှိနေကြပါသည်။ ဒါကြောင့်မို့ အကုန်အကျသက်သာပြီးပြုလုပ်ရလွယ်ကူသော သဘာဝမြေဩဇာပြုလုပ်နည်းအား မျှဝေပေးပါရစေ။
ပထမအဆင့် -အစိမ်းရောင်ရှိသောအရွက် (သို့)အရသာမရှိသောအရွက်တစ်မျိုးအား နုတ်နုတ်စင်း၍ ပိသာ (၂၀) ခန့် ဆန့်သော ပလက်စတစ်ပုံး အတွင်းသို့ ထည့်ထားပါ။
ဒုတိယအဆင့် -သကာရည်(၁၀) လီတာ ထည့်ရမည်။
တတိယအဆင့်- ရေအား နုတ်နုတ်စင်းထားသည့် အရွက်များမြုပ်ရုံကျော်ကျော်လေးသာထည့်ထားရမည်။
စတုတ္ထအဆင့်- ရေထည့်ပြီးသည်နှင့် (၆) လ ခန့်အဖုံးလုံအောင် ပိတ်ထားရမည်။ ၃-၄ ရက်တခါ အဖုံးအား (၅) စက္ကန့်ခန့် လှပ်ပေးရမည်။ ဖွင့်ပေးရသည့်အကြောင်းအရင်းမှာ မဖွင့်ပဲကြာရှည်စွာထားလျှင် အထဲတွင်အချဉ်ဖောက်၍ ဓာတ်ငွေ့ ထွက်ကာ ပွင့်ထွက်နိုင်သောကြောင့် လှပ်ပေးရခြင်းဖြစ်ပါသည်။
ပဉ္စမအဆင့် – (၆) လပြည့်သည်နှင့် စတင်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။ သုံးစွဲရာတွင် ဆေး (၁) ဆ ရေ အဆ (၂၀၀) ရောနှော အသုံးပြုရမည်ဖြစ်ပါသည်။
မှတ်ချက်။။ နောက်ထပ် တစ်ကြိမ်ထပ်မံ ပြုလုပ်မည်ဆိုပါက ပထမဆုံးအကြိမ်ကဲ့သို့ (၆) လ စောင့်စရာမလိုပဲ အရွက်ထည့်-သကာရည်ထည့်-ပထမအကြိမ်ပြုလုပ်ထားသည့် ဆေးရည် (၁) လီတာထည့်-ရေထည့်၍ ဖုံးအုပ်ထားပြီး (၃) လကြာသည်နှင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်။
၎င်းဆေးရည်၏ အာနိသင်မှာ အပင်ပိုးကျခြင်းကိုကာကွယ်နိုင်ခြင်း၊ အပင်ကြီးထွားမှုကောင်းမွန်ခြင်း၊ မြေဆီလွှာပျက်စီးခြင်းကိုကာကွယ်နိုင်ခြင်း စသော အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။
အချဉ်ဓာတ်ရှိသော အသီးအနှံများမှပြုလုပ်သည့် ရွက်ဖြန်းဆေးရည်အား ဆက်လက်ဖော်ပြပေးသွားပါမည်—–