တာချီလိတ်မြို့က ကျေးဇူးတင်နေပါတယ်

တာချီလိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး တင်ကျန်ရစ်သော ရွှံ့နွံများနှင့် အမှိုက်သရိုက်များကို နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စက်တင်ဘာ ၁၈ ရက်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။

တာချီလိတ်မြိုနယ်၊ တာလော့ရပ်ကွက်၊ တာလော့ အထကကျောင်းနှင့် တာလော့စျေးတွင်းရှိ တင်ကျန်ရစ်သော ရွှံ့နွံများကို
– နယ်မြေခံ တပ်မတော်သားများ၊
– ရဲတပ်ဖွဲ့ဝင်များ၊
– စစ်မှုထမ်းဟောင်းများ၊
– ရဲဝန်ထမ်းဟောင်းအဖွဲ့ဝင်များ၊
– နယ်မြေခံ ပြည်သူ့စစ်အဖွဲ့ဝင်များ၊
– ထွေအုပ်ဝန်ထမ်းများ၊
– ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊
– မီးသတ်တပ်ဖွဲ့ဝင်များ၊
– မြို့နယ်ကြက်ခြေနီအသင်းဖွဲ့ဝင်များ၊
– ပရဟိတအသင်းအဖွဲ့များ၊
– စည်ပင်ဝန်ထမ်းများ
စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။