သက်ငယ်မုဒိမ်းကျူးလွန်ခဲ့တဲ့ NLD ပါတီ၏ အတွင်းရေးမှူးတစ်ဦး

CDM လုပ်ကာ ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေသည့် ဒေါက်တာဘွဲ့ရ တွဲဘက်ပါမောက္ခ၏ သမီးငယ်အား NLD ပါတီ၏ အတွင်းရေးမှူးတစ်ဦးက သက်ငယ်မုဒိမ်းပြုကျင့်မှု NUG ထံ တိုင်ကြားစာ ထွက်ပေါ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် ရေနှင့်ပတ်ဝန်းကျင်ပညာဌာန၏ တွဲဘက်ပါမောက္ခအဖြစ်မှ CDM ပြုလုပ်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေါက်တာ….၏ ငါးနှစ်အရွယ်သမီးငယ်အား ယင်းကဲ့သို့ပင် ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေသည့် NLD ပါတီဝင် အတွင်းရေးမှူးတစ်ဦးက သက်ငယ်မုဒိမ်းပြုကျင့်သဖြင့် NUG ထံ တိုင်ကြားသည့်စာ လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။

NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနသို့ မေလ ၂ ရက် ရက်စွဲဖြင့် လိပ်မူတိုင်ကြားထားသည့် အဆိုပါ တိုင်ကြားစာတွင် ထို CDM တွဲဘက်ပါမောက္ခ၏ သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်သူမှာ “တွံတေးမြို့နယ် NLD ပါတီအလုပ်အမှုဆောင်၊ အတွင်းရေးမှူး အောင်မင်း” ဆိုသူဖြစ်ကြောင်း ဖော်ပြထားသည်။

NLD ပါတီ အတွင်းရေးမှူး အောင်မင်း၏ သက်ငယ်မုဒိမ်းပြုကျင့်မှုဖြစ်စဥ်မှာ CDM တွဲဘက်ပါမောက္ခသည် ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ပြီးနောက် Online မှ စာသင်ကြားသော်လည်း ဝင်ငွေနည်းပါးသဖြင့် မဲဆောက်မြို့ရှိ Queen Palace ဟိုတယ်အနီး အခန်းကျဥ်းတစ်ခုကို ဘတ် ၂၅၀၀ ဖြင့်ငှားရမ်းနေထိုင်ခဲ့ရာ ထိုအိမ်တွင် ငှားရမ်းနေထိုင်သူမိသားစု လေးစုမက ရှိသဖြင့် ရေချိုး၊ အိမ်သာသုံးချိန်တွင် သက်ငယ်မုဒိမ်းမှုကျုးလွန်သူ အောင်မင်း၏ အခန်းကိုဖြတ်သွားရကြောင်း၊ ထိုသို့ဖြတ်သွားချိန်တွင် အောင်မင်းသည် ငါးနှစ်အရွယ်သမီးငယ်ကို နှုတ်ခမ်းစုပ်ခြင်း၊ ကလေးငယ်နှင့်အပြိုင် လိုက်ဝင်အပေါ့သွားခြင်း၊ ဘောင်းဘီချွတ်ပြကာ ကလေးငယ်ကို ငယ်ပါပြခြင်းများ ပြုလုပ်ကြောင်း ဖော်ပြထားသည်။

ထို့အတွက် ငါးနှစ်အရွယ်သမီးငယ်အား CDM သူနာပြုဆရာမနှင့် ကနဦးစစ်ဆေးရာ ကလေးငယ်၏မိန်းမကိုယ်မှာ လက်၊ လိင်အင်္ဂါဖြင့်ထိုးသွင်းထား၍ အပေါက်ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် Suwannimit ဖောင်ဒေးရှင်းအကူအညီဖြင့် မဲဆောက်ဆေးရုံတွင် ဆေးစစ်ခဲ့ကြောင်း၊ ထို NLD ပါတီအတွင်းရေးမှုးက သက်ငယ်မုဒိမ်းပြုကျင့်မှုမှာ ယခုနှစ် သင်္ကြန်ကာလက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် တိုင်ကြားစာတွင် ဖော်ပြထားပါတယ်။