အကြမ်းဖက်သူများနှင့် အားပေးသူများအား ပြစ်ဒဏ်ချမှတ်သတင်း

ရန်ကုန်တိုင်း၊ လှိင်သာယာ(အနောက်ပိုင်း)မြိုနယ်အတွင်းနေထိုင်၍ လှိင်သာယာမြိုနယ် BOC ကားမှတ်တိုင်အနီးရှိ Mytel တာဝါတိုင်နှင့် (၁၁)ကွေ့ရှိ Mytel တာဝါတိုင်တိုအား ဖောက်ခွဲခဲ့ခြင်း၊ ဒဂုံဧရာအဝေးပြေးကားဝန်းရှေ့၊ မြစိမ်းရောင်အိမ်ယာဝန်အတွင်းရှိ အနော်ရထာခန်းမအား လက်လုပ် မိုင်းဖြင့်ဖောက်ခွဲခဲ့ခြင်း၊ မှော်ဘီဓာတ်အားခွဲရုံ၊ ကြက်ဖြူကန်ဓာတ်အားခွဲရုံနှင့် (၁၀)မိုင် ဓာတ်အားခွဲရုံ တိုအား ဖောက်ခွဲဖျက်ဆီးရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမား တရားခံ များဖြစ်သည့်

*သဲဦးပိုင်(ခ)သုတဟိန်း(ခ)နွေဦး နှင့် ကျော်သီဟ(ခ) ကောင်းကင်(ခ) K2 တိုအား အကဖ-၅၀(ဈ) အရ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့။

မင်္ဂလာဒုံမြိုနယ်၊ ကျိုက္ကလော့မှတ်တိုင်အနီးရှိ ထွန်းဆိုင်ကယ် Show Room အရောင်းဆိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ခြင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင် အနောက်ဘက်ခြမ်းရှိ လုံခြုံရေး ဂိတ်အား သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ခရေပင်လမ်းခွဲရှိ မင်္ဂလာဒုံမြိုမရဲစခန်းအား လက်ပစ် ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ခဲ့သည့် တရားခံများဖြစ်သော

*တည်ငြိမ်ခန့်(ခ)ဝဠာ၊

*အောင်မျိုးဝင်း(ခ) ဆံရှည် (ခ) အေကြီး၊

*ထက်အာကာ(ခ)နိုင်နိုင်ဝင်း(ခ)ကျားပေါက် (၃)ဦးအား အကဖ-၅၀(ဈ)အရ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့။

ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်အတွင်းနေထိုင်၍ Good Luck KTV ဆိုင် လက်ဆေးဘေစင်အောက်တွင် အသံမိုင်း(၁)လုံးထောင်ခဲ့ခြင်း၊ ရွှေမြင့်မိုရ် ဘီယာဆိုင်ပိုင်ရှင်၏ Double Cap အနက်ရောင်အား လက်လုပ်ချိန်ကိုက်ဗုံး (၁) လုံးဖြင့် ဖောက်ခွဲခဲ့ခြင်းတိုအားပြုလုပ်ခဲ့ သည့် အကြမ်းဖက်သမားဖြစ်သည့်
*ဆန်းလင်းထွဋ်(ခ) ဆန်းကြီး အား အကဖ-၅၀(ဈ)အရ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့။

လှိင်သာယာ(အနောက်ပိုင်း)မြိုနယ်အတွင်း နေထိုင်၍ တောတွင်း တစ်နေရာ၌ အကြမ်းဖက် သင်တန်းအားတက်ရောက်ခဲ့သူ
*ကောင်းထွဋ် အား အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ် ခဲ့။