စစ်ကိုင်း၊ ထုံးဘို၌ တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီလ ၁၇ ရက်က စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားမှုမရှိစေရေးအတွက် တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်ရန် ထုံးဘိုရွာအနီးသို့အရောက် အကြမ်းဖက်သမားအင်အား ၃၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး
-အကြမ်းဖက်သမား ၂ လောင်း
-အိုင်ကွန် ၅ လုံး
-လက်လုပ်စိန်ပြောင်း ၂ လက်
-လက်လုပ် ၄၀ မမ ၁ လက်
-လက်လုပ်သေနတ် ၉ လက်
-ရှော့တိုက်ဒုံးသီး ၇ လုံး
-ကျည် ၄၀ တောင့်
-လက်လုပ်မိုင်း(ပြုလုပ်ဆဲ) ၁ လုံး
-ကျည်ကာအင်္ကျီ ၃ ထည်
-ဖိုက်ဘာဦးထုပ် ၁ လုံး
-ပြောက်ကျားဦးထုပ် ၃ လုံးသိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘ်ဘက ထိခိုက်မှုမရှိဟုသိရှိရပါတယ်။