ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားသိမ်းဆည်းရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းသိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နို ဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊(၉)ရပ် ကွက် ဗိုလ်အောင်ကျော်လမ်းတွင် သတင်းအရ ကြီးညို၊ ထွန်းစိန်နှင့် အောင်ကိုကိုတို့အား AD Van ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိရသဖြင့် ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇ သိန်းသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ နံနက် ၁၀ နာရီတွင် ကျောက်တံတားမြို့နယ်၊ (၅) ရပ်ကွက်ရှိ ထွန်းစိန်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုည ဒဿမ ၃ သိန်း ထပ်မံသိမ်း ဆည်းရမိခဲ့၍ စုစုပေါင်းငွေကျပ် သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်း သိမ်းဆည်းရမိ
ခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN