မွန်ပြည်နယ်သို့ ဘင်္ဂါလီ ၁၀၀ ကျော်ခိုးဝင်လာ

ဇန်နဝါရီလ ၂၄ ရက် ယနေ့မနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ၌ တရားမဝင် ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအနီးရှိ ရာဘာခြံတွင် ဘင်္ဂါလီ လူမျိုး ကျား (၅၉)ဦး မ(၅၈)ဦး ပေါင်း (၁၁၇) ဦးတို့အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ #Crd