2024 SKYNET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူးပြီး SKYNET ကစီစဉ်ကျင်းပသည့် 2024 SKYNET ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ ၂၁ ရက် မှ ၂၈ ရက်အထိ ရွှေထွဋ်တွင်ကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် ကွင်းအတွင်းလာရောက်အားပေးနိုင်သလို့ Sports 4 နှင့် Sports HD ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲတွင် နာမည်ကျော် ပိုက်ကျော်ခြင်း ကစားသမားများဖြစ်တဲ့ အားထစ် နဲ့ ကျောင်းဆရာ တို့အပြင် နာမည်ကျော် ပိုက်ကျော်ခြင်း ကစားသမားများစွာလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းလည်း သိရပါတယ်။