ဟိုပုံးအမြောက်တပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရဆိုတဲ့ သတင်းမှား

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကိုသွားမယ့် ဟိုပုံးမြို့ကအမြောက်တပ်ကို ဒရုန်းဖြင့်တိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးဟု ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် Khit Thit မှ မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ချိခဲ့ပါတယ်။ ဟိုပုံးမြို့တွင် တပ်မတော်မှအမြောက်တပ်မရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်လည်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ စံဖူးရွာဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရခဲ့တဲ့ PNO တပ်ဖွဲ့ဝင် ၁ ဦးရဲ့ပုံကို အသုံးပြုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။