အရှုံးထဲမှ ရုန်းထွက်နိုင်ပါစေ

ရရှိထားတဲ့လူဘ၀ဟာ
ရောက်လာဖို့လည်းခဲရင်းသလို
ပြန်ဖို့လည်း အရမ်းလွယ်ပါတယ် ။

ဘာပဲဖြစ်ဖြစ်ပါ
နေရသမျှအခိုက်လေးမှာတော့

စိတ်ချမ်းသာအောင်လည်းကြိုးစား
စာနာတတ်အောင်လည်းသင်ယူ ။

စိတ်ဓါတ်ကောင်းတွေကို
များများဖြစ်အောင်မွေးမြူလို့
ကောင်းတဲ့ဘ၀ကို တည်ဆောက်ပါ ။

အဆင်မပြေမှုတစ်ခုကြုံတိုင်း
လှေခါးတစ်ခု ရလိုက်တာလို့မြင်ပြီး
ကျနေတဲ့ စိတ်ဓါတ်ကိုမြင့် ။

ဒုက္ခတစ်ခုကြုံလာတိုင်း
ကောင်းဖို့အတွက်နေရာကျယ်တာလို့
စိတ်နှလုံးသားထဲမှာ အားကိုမွေး ။

ကုသိုလ်တရားကို မပြတ်လေးပြုလို့
အရှုံးထဲမှ ရုန်းထွက်နိုင်ပါစေ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏