အကြမ်းဖက် PDF များမှ ဓားပြတိုက်/လူသတ်မှုများ ဆက်တိုက်ကျူးလွန်

၂၀၂၄ ခုနှစ် မတ် ၁၄ရက်နေ့ ၊ ည ၈နာရီအချိန်ခန့်က ပဲခူးတိုင်း(အနောက်ခြမ်း)၊လက်ပံတန်းမြိုနယ် ၊ရေငံအုပ်စု၊ သရက်တော ကျေးရွာနေ ဦးအောင်ဝင်းထွန်း(၅၂)နှစ်(ဘ)ဦးထွန်းမြင့်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲဝင် ၄ ဦးသည် ဆိုင်ကယ်၂ စီးဖြင့်ရောက်ရှိလာပြီး ဦးအောင်ဝင်းထွန်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဆက်လက်၍ ၎င်းအကြမ်းဖက်အဖွဲဝင်များသည် လက်ပံတန်းမြို၊ ရေငံအုပ်စု၊ ရေငံကျေးရွာနေ ဒေါ်သွယ်သွယ်ထွန်း(၅၀)နှစ် (ဘ)ဦးသန်းထွန်း၊ လယ်ပြ(အထက-မကျီးကွင်း)နှင့် ၎င်း၏အမဖြစ်သူ ဒေါ်ဝင်းမင်းသန်း(၅၂)နှစ်တို၏နေအိမ်အား ဝင်ရောက်ပြီးပစ်ခတ်ခဲ့ကာ  ၂၀၂၄ မတ် ၁၅၀၅၃၀ ချိန်ခန့်တွင် လက်ပံတန်းမြိုနယ်၊ ရေငံအုပ်စု၊ သရက်တော ကျေးရွာနေ  ဦးစိန်ဦး(၆၄ နှစ်)(ဘ)ဦးသောင်းစိန် နှင့်ဇနီးဖြစ်သူ ဒေါ်လှရီ (၆၅ နှစ်)(ဘ)ဦးတင်အုန်း တိုအား နေအိမ်၌ရှိနေစဥ် အကြမ်းဖက်အဖွဲများမှာ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ သဖြင့်ရရှိဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။