ပခုက္ကူမှာ ဖောက်ခွဲရေးပစ္စည်းများသိမ်းဆည်းရမိ

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအား  လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ သွားရောက်ရှင်းလင်းစဉ် ကျေးရွာထဲရှိ နေအိမ်မှ အကြမ်းဖက် PDF များ၏ မိုင်းနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော

-လက်လုပ်ကွန်ကရစ်မိုင်း ၂၀ လုံး
-လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး
-ဆားကစ်အုံ ၉ ခု
-လက်လုပ်ရှော့တိုက်စင် ၂ ခု
-လက်လုပ်ရှော့တိုက်ဒုံး ၁ လုံး
-နီ/နက်ဝါယာကြိုး ၃ ခွေ တို့အား သိမ်းဆည်းရမိကြောင်း သိရှိရ။