မိုးကောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအား KIAခြိမ်းခြောက်နေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရန်ကထောင်ကျေးရွာအတွင်း၂၅.၁၁.၂၀၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့်စစ်ပွဲကြောင့် ဒေသခံများက နေရပ်ကိုစွန့်ခွာကာထွက်ပြေးတိမ်းရှောင်သွားကြကြောင်းသိရပါသည်။ အဆိုပါထွက်ပြေးတိမ်းရှောင်သူများ နေရပ်သို့ပြန်မလာလျှင် ၎င်းတို့၏အိမ်ခြံမြေများကို သိမ်းယူမည်ဟု အကြမ်းဖက် KIA များက ခြိမ်းခြောက်ပြောဆိုနေကြောင်းသိရှိရပါသည်။

အဆိုပါမရန်ကထောင်ရွာအတွင်း ကျန်ရှိနေသည့်ဒေသခံပြည်သူများကို ဇန်နဝါရီ ၂၅ ရက်နေ့က KIAအဖွဲ့က အစည်းအဝေးခေါ်ယူပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများကို ပြန်ခေါ်ဖို့နှင့် ပြန်လာနေခြင်းမရှိသည့် နေအိမ်ခြံဝင်းများကို သိမ်းဆည်းမည်ဟုလည်းခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရှိရပါသည်။

မြစ်ကြီးနား- နမ္မတီး-လဝါးလမ်းပေါ်တွင်
မရန်ကထောင် တပ်ရှေ့တန်းစခန်းရှိနေသဖြင့် KIA ,PDFတို့က ယခင်အတိုင်း ရွာလူထုနှင့်လာရောက်ရောနှောနေထိုင်ကာ လူနေအိမ်များကို အကာအကွယ်ယူပြီး တပ်စခန်းကိုတိုက်ခိုက် ခြင်းများရှိခဲ့လျှင် တပ်မှပြန်လည်ပစ်ခတ်လာပါက အသက်အန္တရာယ်စိုးရိမ်ရသဖြင့် မပြန်လိုခြင်းလည်းဖြစ်ကြောင်းသိရှိရပါသည်။

မရန်ကထောင်ရွာမှ အိမ်ထောင်စုအများစုမှာ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး အစရှိသော မြို့နယ်များသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီး အိမ်ခြေစုစုပေါင်း ၁၀၀ ကျော်ရှိရာ အများစုမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ကြသူများသာဖြစ်ကြောင်း တိမ်းရှောင်နေသူများထံမှ သိရှိရပါသည်။

#PAN