စင်္ကာပူနှင့် အင်ဒိုနီးရှားသံတမန်များပါသော ယာဥ်တန်းကို အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်

မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးနှင့် အင်ဒိုနီးရှားသံရုံးမှ သံတမန်များပါသောယာဥ်တန်းကို ဆီဆိုင်မြို့နယ်အတွင်း ၄၁ မိုင်ကွေ့တွင် အကြမ်းဖက်သမားများက မေလ ၇ ရက် နံနက် ၉း၁၅ နာရီအချိန်၌ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များသို့ထောက်ပံ့ရန် တောင်ကြီးမှထွက်လာသော ယာဥ်တန်းကို ၄၁ မိုင်​ကွေ့တွင် အကြမ်းဖက်သမားများကပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲ့ကပြန်လည် ပစ်ခတ်ရာ အကြမ်းဖက်သမားများဆုတ်ခွာသွားပြီး သံတမန်များလည်းတောင်ကြီးသို့ ပြန်လာခဲ့သည်။ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့်နောက်ပိတ်ယာဥ်တွင် နောက်တံခါးမှန် ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။