ကလေးဝ-မော်လိုက်ကားလမ်းရှိ တံတားအား PDF များက မိုင်းထောင်ဖျက်ဆီး

ဇွန်လ ၁၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ကလေးဝမြိုနယ်၊ ရွာသာကျေးရွာအုပ်စု၊ ပလူဇဝကျေးရွာအနီး ကလေးဝ-မော်လိုက်ကားလမ်းရှိ တံတားအား PDF များက မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ PFD များ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားကြမ်းခင်း ၃ ပေခွဲခန့် ပတ်လည် ၁ ပေါက်ပြဲနှင့် ၁ ပေခွဲခန့် ပတ်လည်ပေါက်ပြဲတို ပေါက်ကွဲပျက်စီးခဲ့ပြီး တံတားလက်ရမ်းများပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။