မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ပူတာတွေ မရှာမိပါစေနဲ့

လိုချင်စိတ်များမယ်ဆိုရင်
မကျေနပ်ချက်တွေပိုများရပါတယ် ။

စိတ်တိုင်းမကျတယ်ဆိုတာ
အလိုမကျမှုတွေ များနေလို့ပါပဲ ။

ဖြစ်ချင်တာ မဖြစ်တတ်တဲ့ဘ၀မှာ
ဖြစ်ကိုဖြစ်ရမယ်လို့ခံယူထားသူဟာ
မဖြစ်လာရင်ပိုသောကဖြစ်ရပါတယ် ။

ချမ်းသာတဲ့ဘ၀ဆိုတာ
အလိုကင်းစွာ နေတဲ့သူအတွက်ပါ ။

အဆင်ပြေတဲ့ဘ၀ဆိုတာ
ကုသိုလ်တွေများတဲ့သူအတွက်ပါ ။

ပူတယ်လို့ သိပေမယ့်လည်း
လွတ်မချရင် ဘယ်မှာအေးမလဲ ။

လေးတယ်လို့ သိပေမယ့်လည်း
လျှော့မချရင် ဘယ်ပေါ့မလဲ ။

ဆိုးကျိုးတွေမရှည်ကြာစေဖို့အတွက်
မကောင်းတဲ့ဆိုးကြောင်းတွေကို
ရပ်တန့်လိုက်နိုင်ဖို့ လိုပါတယ် ။

ကိုယ်ရှာတာ ကိုယ်တွေ့တာဖြစ်လို့
ပူတာတွေ မရှာမိအောင်
ကိုယ့်ဘ၀ကို သတိထားနိုင်ပါစေ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏