မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက် ပျက်စီးရှုးဆုံးခဲ့သည့် စာသင် ကျောင်းများအား ပြန်လည်ထူထောင်ရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ်ဒေသကို အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် ဝင်းမောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၂၂ ရက် (ယနေ့) နံနက် (၈)နာရီက ပုဏ္ဏားကျွန်းမြိုပေါ်ရှိ စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါတယ်။