ကျိုင်းတုံသတင်းများနှင့် ပက်သက်ပြီး UWSA ၏ သဘောထား

ခုရက်ပိုင်း အွန်လိုင်းပေါ်၌ ကျိုင်းတုံမြိုအား မိမိတို UWSA သည် ဝင်ရောက်တိုက်ခိုက်မည်ဟု ပြန့်နှံ နေခြင်းနှင့် ပတ်သက်၍ မိမိတို UWSA အနေဖြင့် ပြင်းထန်တဲ့ သတိပေးကြောညာချက် ထုတ်ပြန်လိုက်ပါသည်။

မဟုတ်မမှန်သော သတင်းကို အွန်လိုင်းပေါ်၌ ရမ်းသန်းမလွင့်ရန်နှင့် မိမိတိုတပ်ဖွဲအနေဖြင့် အပစ်ခတ်ရပ်ဆဲ ရေးမှာ သဘောတူညီချက်များနှင့်အတူ ရပ်တည်နေ၍ 10.27 အော်ပရေးရှင်းကြီးဖြစ်ပွါးသည့်အချိန်မှစ၍ မိမိတိုအနေဖြင့် စစ်ဘေးရှောင်များကို ကူညီခဲ့ကြသလို တိုက်ပွဲ၌ ရရှိခဲ့သော စစ်သုံ့ပန်းများကို မသွေမပြတ် လက်မှတ်ရေးထိုးပြီး အေးချမ်းသာယာစွာ မြန်မာစစ်အစိုးရထံသို ပြန်လည်လွဲပြောင်းပေးခဲ့ပါသည်။

ကျိုင်းတုံကို တိုက်ခိုက်မည်ဆိုသောသတင်းသည်မဟုတ်မမှန်ကြောင်းနဲ့ ကောလာဟလသာဖြစ်ကြောင်း UWSA အဖွဲထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။