ဘုန်းကြီးကျောင်းထဲဝင် ရဟန်းကိုသတ်သွားတဲ့ စဉ့်ကူး PDF

ဒုလ္လာပရဟန်းဝတ်နေသည့် ဆရာတော်တစ်ပါးအား အကြမ်းဖက်မိစ္ဆာများမှ ပစ်ခတ်သတ်ဖြတ်သွား မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကုန်းကျေးရွာအုပ်စု၊ စိုက်ကွင်းကျေးရွာရှိ မဟာဗောဓိဘုန်းကြီးကျောင်း၌ ဒုလ္လာပရဟန်းဝတ်နေသည့် ဥူးသုဝဏ္ဏသည် ၂၀၂၄ ဇန်နဝါရီလ ၁၅ရက်နေ့ ည ၈နာရီ အချိန်ခန့်တွင်ကျောင်းတိုက်၌ ပုတီးစိတ်နေစဉ် အကြမ်းဖက် ကျား ၇ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီးဥူးသုဝဏ္ဏအား လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ရာ ဥူးသုဝဏ္ဏတွင် ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။