မင်္ဂလာဒုံမှာ စက်ရုံဖယ်ရီကားနဲ့ တွဲကားတိုက်မိ

ယနေ့ ဇန်နဝါရီလ (၁၇) ရက် နံနက် (၇)နာရီခန့်က မင်္ဂလာဒုံမြိုနယ်၊ ခရေလမ်းခွဲနှင့် (၁၀၆) မှတ်တိုင်ကြားတွင် စက်ရုံဖယ်ရီ ဒိုင်နာယာဉ်နှင့် ကွန်တိန်နာတင်သည့် တွဲကားအလွတ်တို ကွေ့ကြောတွင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် စက်ရုံဖယ်ရီကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး (၂၁)ဦး၊ အမျိုးသား (၁၁)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဖယ်ရီယာဉ်မောင်း နှင့် အမျိုးသမီး (၁)ဦးမှာ စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။ # Crd