ရာဖေးဂျက် တိုက်လေယာဉ် (Rafale) ၄၂ စင်းကို ထပ်မံမှာယူလိုက်ပြန်ပြီ

Dassault Aviation ကုမ္ပဏီထုတ် အင်ဂျင်နှစ်လုံးတပ် ရာဖေးဂျက် တိုက် လေယာဉ် (Rafale) ၄၂ စင်းကို ထပ်မံမှာယူတာကာတော့ ပြင်သစ်နိုင်ကပဲဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံဟာ ပြင်သစ်လေတပ်အတွက် ရာဖေးဂျက်တိုက်လေယာဉ်တွေကို ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက စတင်သုံးစွဲလာတာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ၁၃ စင်း၊ ၁၉၉၉ ခုနှစ်မှာ ၄၈ စင်း၊ ၂၀၀၄ ခုနှစ်မှာ ၅၉ စင်းနဲ့ ၂၀၀၉ ခုနှစ်မှာ အစင်း ၆၀ မှာယူသုံးစွဲခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်နိုင်ငံက ဂရိနိုင်ငံကို တခြားဂျက်တိုက်လေယာဉ်တချို့ လွှဲပြောင်းပေးခဲ့တဲ့အတွက် အဲဒီလေ ယာဉ်တွေနေရာမှာ အစားထိုးဖို့ ရာဖေးဂျက်တိုက်လေယာဉ် ၁၂ စင်းကိုလည်း သီးခြားမှာယူခဲ့ပါသေးတယ်။

အခုနောက်ဆုံးမှာယူတဲ့ အသုတ်နဲ့ဆိုရင် ပြင်သစ်နိုင်ငံမှာ ရာဖေးဂျက်တိုက်လေယာဉ် ၂၃၄ စင်းရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။