အီဖယ်မျှော်စင်အနီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က နာမည်ကျော် အီဖယ်တာဝါအနီးမှာ စနေနေ့က အကြမ်းဖက်တိုက်ခိုက်မှုတခုဖြစ်ပွားခဲ့လို့ ၁ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခဲ့သူဟာ အမျိုးသားတဦးဖြစ်ပြီး အလ္လာဟူအက္ကဘာလို ကြွေးကြော်ပြီးနောက် တိုက်ခိုက်ခဲ့တာပါ။ သေဆုံးသူဟာ ဂျာမနီနိုင်ငံသားတဦးဖြစ်တယ်လို ပြည်ထဲရေးဝန်ကြီး Gerald Darmanin က ပြောဆိုခဲ့ပါတယ်။ ကျူးလွန်သူ အသက် ၂၆ နှစ်အရွယ် ပြင်သစ်နိုင်ငံသားကိုတော့ Taser သေနတ်အသုံးပြုကာ ရဲတပ်ဖွဲက အမြန်ဆုံးဖမ်းဆီးနိုင်ခဲ့တယ်လိုလည်း သိရပါတယ်။

NOM