မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ ညီမဖြစ်သူက အမေရိကန်နဲ့ ပတ်သတ်ပြီးပြော

အမေရိကန်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေကို နောက်ထပ် ဘယ်တော့မှမလုပ်တော့ဘူးလို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ ညီမဖြစ်သူက ပြောဆိုလိုက်ပါတယ်။

သူမဟာ မြောက်ကိုရီးယားအစိုးရအဖွဲမှာ ဩဇာအကြီးမားဆုံးအမျိုးသမီးဖြစ်ပြီး အစ်ကိုဖြစ်သူကို အနီးကပ်အကြံပေးနေသူလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ သူလျှိဂြိုလ်တုလွှတ်တင်မှုကို အမေရိကန်က အပြင်းအထန်ဝေဖန်ခဲ့‌ပြီးနောက်မှာ သူမက အခုလိုမျိုးပြောခဲ့တာလည်းဖြစ်ပါတယ်။