တရုတ်၊ ဘေဂျင်းမြို့ရှိ ဆေးရုံတစ်ရုံ မီးလောင်ပြီး လူ ၂၁ ဦး သေဆုံး

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ဆေးရုံတစ်ရုံမှာ ဧပြီ ၁၈ ရက်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦးသေဆုံးပြီး ဆယ်ဂဏန်းမျှရှိတဲ့လူတွေကို ဘေးလွတ်ရာသို့ ပြောင်းပေးခဲ့ရတယ်လို့ အစိုးရအာဘော်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ အဲဒီမီးလောင်မှုမှတ်တမ်း ဗီဒီယိုဖိုင်တွေထဲမှာ အနက်မီးခိုးတွေ ကောင်းကင်သို့ လွင့်လာပုံ၊ ဆေးရုံအထပ်မြင့်ရှိ လူအချို့ အိပ်ရာခင်းကို ယာယီကြိုးအဖြစ် အသုံးပြုပြီး ပြတင်းပေါက်မှ လွတ်မြောက်ဖို့ ကြိုးစားနေကြပုံတွေ မြင်တွေ့ရပါတယ်။ တချို့လူတွေကတော့ ဆေးရုံအပြင်ဘက်က လေအေးပေးစက်တွေဘေးမှာ ခိုလှုံနေခဲ့ကြပါတယ်။

ဘေဂျင်းမြို့ရှိ Changfeng ဆေးရုံရဲ့ အတွင်းလူနာဆောင် အရှေ့ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမီးလောင်မှုကို အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ CGTN အပါအဝင် တရုတ်အစိုးရမီဒီဘာတွေက သတင်းဖော်ပြခဲ့ကြပါတယ်။