ဧပြီလ (၁၉)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

🟢 မိုးညှင်းမြို့နယ် ဟိုပင်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးအား အကြမ်းဖက်များမှ Drop ဗုံးဖြင့် ဗုံးချဖောက်ခွဲမှုဖြစ်ပွား။

🔸 စစ်ကိုင်းတိုင်း ဆားလင်းကြီမြို့နယ် အမှတ်(၆)အထည်စက်ရုံ မီးလောင်မှုဖြစ်ပွား။

🟢 မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာ အနောက်ဖက်ရှိ KNLA ခွဲထွက် ဗိုလ်တာဘော၏စခန်းကို တပ်မတော်နှင့် BGFတို့ ပူးပေါင်းရှင်းလင်း။

🔸 ထိုင်းနိုင်ငံ၌ ခြံစောင့်မြန်မာအလုပ်သမားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွားသည့် မြန်မာနှစ်ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီး။

🟢 ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပျားအုံကျေးရွာလမ်းခွဲ၌ အရပ်သား ဈေးဝယ် ၁၂ ဘီး ကားအား KIAက ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေ ၆ ဦးထိခိုက်။

🔸 မြင်းမူမြို့နယ် တောချောင်းဦးကျေးရွာ ရဲစခန်းအား PDF အကြမ်းဖက်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

🟢 ရေစကြိုမြို့နယ် မြို့နယ်စီမံရုံးအနီး ရွှေတန်ဆာဘုရားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း။

🔸 ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် ၂ နယ်မြေကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့။

🟢 စစ်ကိုင်းတိုင်း ဘုတလင်မြို့တွင် PDF များ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရ။

🔸 မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပသွားမည်။

🟢 စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ကျေးရွာတွင် PDF အကြမ်းဖက်များအား ထောက်ပံ့ပေးသူများအား ဖမ်းဆီးရမိ။

🔸 အသက် (၉၀) ရှိပြီဖြစ်သည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေရ။

🟢 ချင်းပြည်နယ် တွန်းဇံမြို့တွင် CDF အကြမ်းဖက် ၁ ဦးအား ဖမ်းဆီးရမိ။

🔸 စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာအနီး ခင်ဦး-ရေဦး သွားကားလမ်းတွင် PDF များ၏ လက်လုပ်မိုင်းများ ဖော်ထုတ်ရှင်းလင်း။

🟢 ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာမှ ကွန်ပျူတာ ၁ လုံး အား CDF အကြမ်းဖက်များက ဓားပြတိုက်ယူဆောင်သွား။

🔸 ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၅)ရပ်ကွက် ကုန်းဘောင်လမ်း၌ အမှိုက်တွန်းလှည်းပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် ၂ ဦးအပါအဝင် မိသားစု ၃ ဦးဒဏ်ရာရ။

🟢 ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက် ၆၂လမ်း၊၁၃၃×၁၃၄လမ်းကြားရှိ “ထိပ်တန်း” ရွှေဆိုင်အား အကြမ်းဖက် ၄ဦးမှ ဓါးမြတိုက်လုယက်မှုဖြစ်ပွား။

🔸 စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် PDF အကြမ်းဖက်များနှင့် ပစ်ခတ်မှုဖြစ်ပွား။

🟢 ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းအား အကြမ်းဖက် PDF များမှ Drone ဖြင့် Dropဗုံးချဖောက်ခွဲမှုပြုလုပ်။

🔸 အရာတော်မြို့နယ် နောင်ကြီးအိုင်ကျေးရွာအနီး PDF များ၏ မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၁ဦး ထိခိုက် ဒဏ်ရာရရှိ။

နိုင်ငံတကာသတင်းများ

🌍 မြောက်ကိုရီးယား၏ ပထမဆုံး ကင်းထောက်ဂြိုလ်တုလွှတ်တင်ရန် ပြင်ဆင်မှုများ စတင်ကြရန် ကင်ဂျုံအင် ပြောဆို။

🌍 တရုတ်နှင့် ရုရှား လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးပြောကြား။

🌍 G-7 အဖွဲ့များအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှုမျိုးကို ရပ်တန့်ရမှာဖြစ်ကြောင်း တရုတ်အစိုးရ ဝေဖန်။

🌍 ဉာဏ်ရည်မြင့် အေအိုင်စနစ်ကို ထိန်းချုပ်ရေး ထိပ်သီး အစည်းအဝေး ပြုလုပ်ရန် အီးယူလွှတ်တော်အမတ်များ တောင်းဆို။

🌍 နူကလီးယားစီမံကိန်းအတွက် ရုရှားကို ယွမ်ငွေဖြင့် ပေးချေရန် ဘင်္ဂလားဒေ့ရှ် သဘောတူညီ။