လာမည့် အောက်တိုဘာလမှစပြီး ပြည်ပရောက် မြန်မာများ၏ လစာအပေါ် အခွန်ကောက်ခံမည်

လာမည့် အောက်တိုဘာလမှစတင်ပြီး ပြည်ပရောက် မြန်မာလုပ်သားများ၏ လစာအပေါ် ဝင်ငွေခွန်ပေးရမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၂ ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၈၊ ပုဒ် မခွဲ (က)ပါ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေ နိုင်ငံသားများ၏ နိုင်ငံခြားငွေနှင့် ပြည်ပမှရရှိသည့် စုစုပေါင်းဝင်ငွေအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားနှင့် ၁၀ ရာခိုင်နှုန်းကို ဝင်ငွေခွန် စည်းကြပ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။